And Then You're Dead: What Really Happens If You Get Swallowed by a Whale, Are Shot From a Cannon, or Go Barreling over Niagara

And Then You're Dead: What Really Happens If You Get Swallowed by a Whale, Are Shot From a Cannon, or Go Barreling over Niagara

 

မထင်မှတ်ထားသောသေခြင်းများဖြင့် သေနိုင်သောအခါ
တစ်စုံတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ရုံမျှဖြင့် သင်သေသွားနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ် ထင်ပါသလား?
အဖြေမှန်ကတော့ဟုတ်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရုံလေးနဲ့တင် သင်သေသွားနိုင်ပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေကြောင့်သေနိုင်ရတာလဲ? ဘယ်လိုထူးထူးဆန်းဆန်း ကိစ္စတွေကြောင့် သေနိုင်သေးလဲဆိုတာကတော့ '' And Then You're Dead: What Really Happens If You Get Swallowed by a Whale, Are Shot From a Cannon, or Go Barreling over Niagara''မှာ ဖတ်ရှုလို့ရနိုင်ပါပြီ။
Cody Cassidy နဲ့ Paul Doherty, PhD တို့နှစ်ယောက်ပေါင်း ထုတ်ဝေခဲ့တဲ့ ''And Then You're Dead'' ကတော့ တကယ့် သိပ္ပံပညာရပ်ဆိုင်ရာအချက်အလက်တွေအပေါ်အမှီပြုပြီး ကျွန်တော်တို့နေ့စဥ်ပြုလုပ်နေကြ အပြုအမူသေးသေးလေးတွေကနေတောင် သေစေနိုင်တဲ့ အထိ ကြီးမားသွားစေနိုင်တာကို ချက်ကျလက်ကျ ဖော်ပြပေးထားပါတယ်။
အပန်းဖြေ အနားယူရင်း entertaining လုပ်ဖို့အတွက် ဖတ်မလား? တကယ် serious ကြီးတွေးပြီး သတိမူတတ်လာ အောင်အတွက်ဖတ်မလား? ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မဆို ဖတ်ရှုရန်သင့်တော်ပြီး PG -13အနေနဲ့ ၁၃နှစ်အထက် စာဖတ်သူများနဲ့ ပိုမိုသင့်တော်ပါတယ်။ သင်ရော စာအုပ်ဖတ်ရင်း သေနိုင်တယ်ထင်ပါသလား?

25,000 MMK
Quantity: In stock
Visitors: 115,519