Step into reading Series

Step into reading is designed to give every child a successful reading experience. The grade levels are only guides, children can progress through the levels at their own speed, developing confidence and pride in their reading no matter what their grade.

သင့်ကလေးက တကယ် စာဖတ်တတ်ပြီလား? စာအုပ်တိုင်းဟာ သားသားမီးမီးတို့ဖတ်သင့်တာမှန်ပင်မယ့် သားသားမီးမီး တို့အသက်အရွယ်နဲ့ reader levelအလိုက် သင့်တော်တဲ့ စာအုပ်ကိုဖတ်ရှုနိုင်ဖို့ကလည်းအလွန်အရေးကြီးပါတယ်။ Step into Reading program ဟာဆိုရင် သားသားမီးမီး တို့ကို စာဖတ်ခြင်းကျွမ်းကျင်လာစေဖို့ရည်ရွယ်ပြီး ရေပန်းစားပြီးခွင့်ပြုချက်ရပြီးသောဇာတ်ကောင်များပါဝင်တဲ့ စာအုပ်များကို အရောင်အသွေးစုံလင်တဲ့ art illustration များ photographများဖြင့် ဖတ်ရှု့စေပြီး သားသားမီးမီး တို့အတွက်ကောင်းမွန်တဲ့ စာဖတ်ခြင်းအတွေ့အကြုံများ ရရှိစေဖို့ design ရေးဆွဲထားပါတယ်။ Reader levelအလိုက် step ၅ ခုခွဲခြားထားပြီး step တစ်ခုခြင်းဆီအလိုက် သားသားမီးမီး တို့ စာပိုဖတ်တတ်လာအောင် ဖေဖေမေမေ၊ ဆရာဆရာမများပါ ပါဝင်ပြီး ပူးပေါင်းကြိုးစားကြစေရန် ရည်ရွယ်ထားပါတယ်။
 
Step 1(ready to read) Preschool-kindergarten စတတ်မယ့်အရွယ် alphabet တွေကိုနားလည်ပြီး စာဖတ်ဖို့စိတ်အားထက်သန်တဲ့ သားသားမီးမီးတို့အတွက်ဖြစ်ပြီး စာလုံးတစ်လုံးချင်းဆီကနေ လွယ်လွယ်ကူကူဖတ်ရှုနိုင်ပြီး စည်းချက်ညီညိီ ကဗျာဆန်ဆန် ချစ်စရာရုပ်ပုံကလေးများ နှင့် စာအုပ်များကို ဖတ်ရှုရမယ့် levelဖြစ်ပါတယ်။
 
Step 2 (Reading with help) Preschool- grade(1) စတတ်မယ့်သားသားမီးမီးတွေဟာ ရင်းနှီးတဲ့ စကားလုံးများရှိလာပြီဖြစ်ပြီး စကားလုံးအသစ်များကိုလည်းစတင်သင်ယူနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ဖေဖေမေမေ ဆရာဆရာမတို့ရဲ့အကူအညီပေးမှုဟာအရေးကြီးပြီး လွယ်ကူရိုးရှင်းတဲ့ sentence construction တွေ vocabulary များကို အသုံးပြုပြီး သားသားမီးမီး စိတ်ဝင်စားမဲ့ Rabbit & Tortoiseလို simpleပုံပြင်လေးများဖြင့်စတင် ဖတ်ရှုသင့်ပါတယ်။
 
Step 3 (Reading on Your Own) Grade 1-3 သားသားမီးမီး အရွယ်ဆိုရင်တော့ ကိုယ်တိုင်စာ စတင်ဖတ်နိုင်နေပြီဖြစ်တာမို့ step 2 မှာထက်ပိုခက်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်များပါဝင်တဲ့ စာအုပ်များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ပုံပြင်များ၊ ရေပန်းစားနေသော topic များကဲ့သိုသော စာအုပ်များကို vocabulary concept အသစ်အဆန်းများကို ကိုယ်တိုင် challenge လုပ်နိုင်အောင် ဂရုစိုက်ပေးသင့်ပါတယ်။
 
Step 4 (Reading Paragraph) ကိုယ်တိုင် sentencesများကို ယုံကြည်မှုရှိရှိဖတ်ရှုနိုင် တဲ့ Grade 2-3 သားသားမီးမီး များအနေနှင့် စိတ်ဝင်စားဖို့ကောင်းတဲ့ plot linesများပါဝင်တဲ့ stories များကို စတင်ဖတ်ရှုသင့်ပါတယ်။ Step3ထက်ပိုပြီး challenging ဖြစ်စေမဲ့ စာပိုဒ်များပါဝင်တဲ့ စာအုပ်များ တိုတိုနှင့်လိုရင်းရောက်စေတဲ့ sentencesများကိုဖတ်ရှုရင်း မိမိကိုယ်ကိုယုံကြည်မှုပိုရစေလာမှာဖြစ်ပါတယ်။
 
Step 5 (Ready for chapters) Paragraphs များကို လွယ်ကူစွာဖတ်ရှုလာနိုင်ပြီဖြစ်တဲ့ Grade 2-4 သားသားမီးမီး တို့အတွက် paragraph များစွာပါဝင်တဲ့ chapters အလိုက်စာအုပ်များကို စတင်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး ထိရောက်သော sentencesများကိုမှ compound sentencesများတစ်ခါတစ်ရံ ပါဝင်ပြီး လှပတဲ့ ရုပ်ပုံများပါဝင်တဲ့ စာအုပ်များဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။
 
သားသားမီးမီး တို့အတွက် လိုအပ်တဲ့ reader levelအလိုက် step များအလိုက် စာအုပ်များကို www.stepintoreading.com မှာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး ဖေဖေမေမေ ဆရာဆရာမများအတွက် လွယ်ကူရိုးရှင်းတဲ့ လမ်းညွန်ချက်များပေးထားတာကြောင့် သားသားမီးမီး တို့ reading skill တိုးတက်စေဖို့များစွာအထောက်အကူဖြစ်စေမှာအမှန်ပါပဲ။
 
 
Visitors: 114,902