Harry Potter

Harry Potter ဆိုတာနဲ့ မှော်စွမ်းအင်တို့အကြောင်း ၊ မှော်ကျောင်းတော်ကြီးတွေကို ပြေးမြင်မိကြမှာပါ။
Harry Potter ဝတ္ထုတိုင်း ၊ ရုပ်ရှင်တိုင်းဟာ လူငယ်၊ လူလတ် မရွေး ကြိုက်ကြပါတယ်။ Fantasy & Fiction အမျိုးအစားဖြစ်ပြီး အထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ ထူးခြားမှု ၊ မှော်ပညာရပ်ပေါင်းစုံထွန်းကားတဲ့ကျောင်းတော်ကြီး ၊ မှော်အစွမ်းများဟာ လူငယ်တိုင်းရဲ့ အာရုံကို ဖမ်းစားစေနိုင်တာအမှန်ပါပဲ။
Harry James Potter သည် J.K.Rowling ၏ဝတ္တုတွဲများတွင် အဓိကဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်။၏လူငယ်ကြိုက်ဝတ္တုဖြစ်ခဲ့ပြီး ရောင်းအားအကောင်းဆုံးဝတ္ထုလည်း ဖြစ်ပါတယ်။

Harry သည် မိဘမဲ့တစ်ဦးဖြစ်ပြီး ၁၁ နှစ်မြောက်မွေးနေ့တွင် မှော်အတတ်ပညာများကို စတင်သင်ယူခဲ့ပါတယ်။ ထို့ကြောင့် သူသည် ကြင်နာတတ်သော ကျောင်းအုပ်ကြီး Albus Dumbledore နှင့်အခြားကျောင်းပါမောက္ခများ၏ လမ်းညွှန်မှုဖြင့်သူငယ်ချင်းများဖြစ်သော Ron Weasley နှင့် Hermione Granger တို့နှင့်အတူ အတတ်ကိုကျင့်သုံးရန် Hogwarts စုန်းအတတ်နှင့်ဝိဇ္ဇာအတတ်သင်ကျောင်းသို့တက်ရောက်ခဲ့သည်။ Harry မှော်အသိုင်းအဝိုင်းတွင် ကျော်ကြားပြီးသားဖြစ်ပြီး စာအုပ်နှင့်ရုပ်ရှင်စီးရီးများသည် Harry သည် မှော်တိုင်းပြည်ကို ထိန်းချုပ်ရန်နှင့် Voldemort ကိုအနိုင် ကြိုးစားလှုပ်ရှားမှုများကို ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။ Series တိုင်းတွင် Harry Potter ၏ စွန့်စားမှုများစွာနှင့်အတူ မှော်အတတ်ပညာများနှင့် ရန်သူများရဲ့ တိုက်ပွဲတွေအကြောင်းကို စိတ်ဝင်တစားဖတ်ရှုစေနိုင်မယ့် ဝတ္တုကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီ Series လေးတွေကို ဖတ်ရှူခြင်းဖြင့် ကျယ်ပြန့်သော စကားစုများ ၊ ဝေါဟာရများစွာ ပါဝင်တာမို့ ကလေးများအနေနဲ့ လေ့လာအားကို တိုးတက်စေပြီး အဂ်လိပ်စာ အသုံးအနှုန်းကို ပိုမိုသိရှိနိုင်ပြီး Reading skill & knowledge ပိုင်းမှာ အမြောက်အများကို တိုးတက်လာစေမှာပါ။ ကလေးတိုင်း ဖတ်ရမပျင်းတဲ့ Fantasy & Fiction series လေးတွေပဲ ဖြစ်ပါတယ်။

 

Harry Potter - 1 to 7 +  Cursed Child
8 Books Box Set

 
  

A beautiful boxed set containing all seven Harry Potter novels in paperback and the last one Cursed Child.  

These box set include  the classic and internationally bestselling, multi-award-winning series feature instantly pick-up-able new jackets by Jonny Duddle, with huge child appeal, to bring Harry Potter to the next generation of readers. It's time to pass the image on....

Size - 19 * 13 cm

340 - 700 pages per book

Visitors: 114,964