Six Easy Pieces
Six Easy Pieces
Physics ဆိုရင် လွယ်လွယ်လေး
ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် physics မရှိတဲ့ အခြမ်းမှာ နေချင်တယ်ဆိုတဲ့ သူတွေဟာ Richard P. Feynman ရဲ့ '' Six Easy Pieces'' ကိုမဖတ်ရသေးလို့ပဲပြောပါရစေ။ လွယ်ကူရိုးရှင်းဆုံး သင်ရိုးညွှန်းတမ်းနဲ့ Richard ရဲ့ သူများနဲ့မတူ ထူးခြားတဲ့ lessons တွေက သင်တို့ကို physics ဆိုတာကို နောက်တစ်ခါတွေ့ရင် ကြောက်နေစရာမလိုအောင် ကူညီပေးနိုင်ပါတယ်။
Richard P. Feynmanဆိုတာကတော့ California Institute of Technology မှာ ကျောင်းသားတွေနဲ့ Physics professor တွေကြားထဲမှာတောင် stood outဖြစ်စေခဲ့တဲ့ physics lecturer တစ်ယောက်ဖြစ်ပြီး '' One of the greatest minds of the twentieth century'' လို့တောင် ခေါ်စမှတ်ပြုခဲ့ရသူဖြစ်ပြီး Six Easy Pieces မှာတော့ သူရဲ့ lecture တွေထဲက နားလည်ရအလွယ်ဆုံး lecture ၆ ခုကိုရေးသားထုတ်ဝေထားပါတယ်။
အသက်၁၃ နှစ်ကနေ ၁၈နှစ်အရွယ်ကျောင်းသား တွေအတွက် ထုတ်ဝေထားပေမယ့် မြန်မာနိုင်ငံအတွက်တော့ University ကျောင်းသားတွေအတွက်ပါ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းလေး ဖြစ်ပါတယ်။ Atoms, Basic Physics, Energy, Gravitation, Quantum mechanic, the relationship of Physic and other topics အစရှိတဲ့ စိတ်ဝင်စားဖွယ် lecture ၆မျိုးပါဝင်တာမလို့ အိမ်က ကလေးငယ် physics ကြွယ်စေဖို့ ဆောင်ထားသင့်တဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။
|
28,000 MMK
|
|