Hello World

 

Hello World

 
မော်ဒန်ခေတ်စက်ပစ္စည်းတွေကြား လူသားဆန်ခြင်း
အကယ်၍ သင်ဟာ မောင်းသူမဲ့ကားတစ်စီးကိုဝယ်မယ်ဆိုကြပါစို့။ Company တစ်ခုက သူတို့ကားဟာ ယာဥ်တိုက်မှုဖြစ်လာခဲ့ရင် အသက်တွေကို တတ်နိုင်သမျှများများကယ်နိုင်အောင် program ရေးဆွဲထားပြီး နောက်Companyတစ်ခုကတော့ driverနဲ့ ကားထဲကလူတွေ အန္တရာယ်ကင်းရေးကိုဦးစားပေးထားတယ်ဆိုရင် သင်ဆိုရင်ဘယ်ကားကိုရွေးချယ်မလဲ?
များမကြာသောအချိန်ကာလတစ်ခုမှာ ကျွန်တော်တို့လူသားတွေဟာ စက်ပစ္စည်းတွေပေါ်ကိုမှီခိုနေရပြီး algorithm တွေကကြီးစိုးပြီး ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝဆုံးဖြတ်ချက်တွေဖြစ်တဲ့ healthcare, finance, transport,security အစရှိတဲ့အရာတွေကိုပါ သူတို့ဆုံးဖြတ်ချက်အပေါ်မှီခိုလာရပြီဆိုရင်အဆင်ပြေနိုင်ပါ့မလား?
စာရေးဆရာမ Hannah Fryကတော့ algorithm တွေနဲ့ Mathematical theoryတွေကို အသုံးချလေ့လာကာ ကျွန်တော်တို့လူမှုဘဝတွေအပေါ်လေ့လာခဲ့သူဖြစ်ပြီး စက်ပစ္စည်းနဲ့လူသားတွေကြား relationship အပေါ်စာအုပ်တွေ TED talksတွေ Podcasts တွေနဲ့ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပုံစံတွေဖြစ်တည်လာအောင် လမ်းပြနေသူတစ်ဦးဖြစ်ပြီး သူမရဲ့ ''Hello World: How to be Human in the Age of Machine''ဟာဆိုရင်လည်း ယနေ့ခေတ်မျက်မှောက်ကာလမှာ အသုံးဝင်စေနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်အဖြစ် ပညာရှင်တွေက ညွှန်းဆိုထားကြပါတယ်။
အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပဲ Hannah Fry ရဲ့ Algorithm အပေါ် ကောင်းခြင်းဆိုးခြင်းတွေ လက်ခံရခက်စေမယ့် အမှန်တရားတွေကို ချပြထားတာမလို့ အနာဂတ်ကာလမှာ လူသားတွေအပေါ်လွမ်းမိုးလာမလား? လူသားတွေကပဲ ပိုမိုအကျိူးရှိအောင်အသုံးချလာနိုင်မလား စိတ်ဝင်တစားဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
26,000 MMK
Quantity: In stock
Visitors: 114,919