Flash Cards

 မေမေမှတ်စုရဲ့ အသစ်ထွက်တဲ့ မြန်မာ - English - Bilingual Flash cards များ
 ဆေးရောင်လှလှချယ်တဲ့ စာအုပ်များ

အသက် 6 လ မှ 6 နှစ်အရွယ် ကလေးများ၏ ညာဘက်ဦးနှောက်အတွက် လေ့ကျင့်ပေးရန် သင်ထောက်ကူများFlash cards လေးမျာ 


Purpose of speed play flash cards 
အတော်များများက ဒီကတ်တွေသုံးတာဟာ ကလေးတွေကို knowledge ပေးဖို့လို့ အထင်မှားတတ်ကြတယ်။ တကယ်က ဒီကတ်တွေ အဓိကလုပ်ပေးတာက ညာဖက်ဦးနှောက်ကိုလှုံ့ဆော်ပေးဖို့ပါ။ အခေါ်အဝေါ်သင်ပေးဖို့ အဓိက မဟုတ်ပါဘူး။ ဒါဆို ဘာအတွက် ဒီ မြန်နှုန်းမြှင့်ပြရတဲ့ ကတ်လေးတွေကို သုံးမလဲ အသေးစိတ်ပြောရမယ်ဆို။ 
1️⃣ High speed flash cards တွေက ညာဖက်ဦးနှောက်ကို လှုံ့ဆော်ပေးလို့ပါ။
2️⃣ ကလေးတွေစိတ်ထဲ ဓာတ်ပုံရိုက်ထားသလို မြင်နေတဲ့ photographic memory function ကို ဖွံဖြိုးစေပါတယ်။ ကလေးတွေဟာ အများအားဖြင့် ဘယ်ဘက်ဦးနှောက်နဲ့ သင်ယူပါတယ်။ ဒါပေမဲ့ ကတ်တွေကို high speed နဲ့ပြတဲ့အခါမှာတော့ သူတို့ရဲ့ ညာဖက်ဦးနှောက်ကပါ လိုက်အလုပ်လုပ်ပြီး ဖွံ့ဖြိုးလာပါတယ်။
3️⃣ဒီလိုပြသခြင်းအားဖြင့်ဦးနှောက် ဘယ်ဘက်နဲ့ ညာဘက် တွဲဆက် အလုပ်လုပ်စေပါတယ်။ Flash Cards ပြနေတဲ့အချိန်မှာ ပုံလေးပြပြီး အခေါ်အဝေါ်ကို ပြသပေးသူက နှုတ်ကနေ အံကိုက်ရွတ်ပြရပါတယ်။ ဒီလို ပုံနဲ့စာ ပြရင်း နှုတ်က သင်တဲ့အခါ ကလေးရဲ့ ညာဘက်ဦးနှောက်က ပုံကိုမှတ်ပြီး ဘယ်ဘက်ခြမ်းက စာကိုသင်ယူပါတယ်။ ဒီ့အတွက် whole brain အလုပ်လုပ်ရပါတယ်။
4️⃣ Flash cards ကတဆင့် ဘယ်ဘက်ဦးနှောက်ပါ ဖွံ့ဖြိုးစေပြီး Linguistics muscle ကို ပိုသန်မာစေပါတယ်။

ကဲဒါဆို အခု How to flash cards ကို ပြောပြမယ်နော်။
1️⃣ တစ်စက္ကန့် နှစ်စက္ကန့် အတွင်း တစ်ကတ်နှုန်းရအောင် ပြပါ။ flash as fast as you can. နော်
2️⃣ တခါပြရင် ကတ်၁၀၀ လောက်နဲ့ စပြဖို့ အကြံပေးထားပါတယ်။ ပထမလမှာ ကတ်၁၀၀ ပြီးတော့ တစ်လ သို့ နှစ်လအကြာ ၂၀၀ သို့ ၂၅၀... နောက်တဖြေးဖြေး တိုးပြီး ၁၀၀၀လောက်ထိပြကြပါတယ်။ 
3️⃣ ကတ်၁၀၀ပြမယ်ဆို ၁၀၀ထဲ Content အစုံထည့်ပြပေးပါ။
4️⃣ ပြတဲ့အခါ ကဒ်မှာပါတဲ့ နံပါတ်စဉ်လေးအတိုင်း စဉ်ပြီး အနောက်ကနေ အရှေ့ကိုယူပြပါ။ ကလေးရဲ့ မျက်လုံးထက်မြင့်အောင်ထားပြီးပြပါ။ category တစ်ခုက တစ်ခုပြောင်းတိုင်း ဘာအကြောင်းပြောနေလဲ ကလေးကို အသိပေးပါ။

 အသက်၂နှစ် ၃နှစ်အရွယ် ကလေးတွေကတော့ ထိုင်နေရတာ သိပ်မကြိုက်တတ်ဘူး ပြေးလွှားကစားချင်တတ်ကြတယ်။အဲလိုဆို တခါထဲ အကုန်မပြပဲ ကြားထဲ short break လေးပေးပြီး ခွဲပြပေးပါ။

ကဲ နောက်ဆုံး What to expect? ပေါ့ 
ချစ်သုဝေသမီးလေးတွေရော ပတ်ဝန်းကျင်က ကလေးတွေရော လုပ်ကြတယ်ဆိုတော့ ကိုယ့်ကလေးလည်း လုပ်ပေးချင်တယ်။ ကတ်လေးတွေလဲ ရပြီဆိုတော့ ပြတော့မယ်ဆို အထက်က ပြနည်းကို မိမိကျွမ်းကျင်တဲ့ ဘာသာစကားနဲ့သာ စသင်ပေးပါ။ English Vocab တွေတိုးရအောင်ဆိုပြီး အတင်း English လိုမသင်ပါနဲ့ Right Brain အတွက်သာ ရည်ရွယ်ပြီး သင်ပေးစေချင်ပါတယ်။ Bilingual အတွက် ကျွန်မတို့ နောက်တဆင့်သွားရအောင်ပါ။

Visual နဲ့ အသံတွေကို အားပြုပြီးလေ့ကျင့်ရတဲ့ နည်းမို့ လှုပ်လှုပ်ရှားရှား သင်ယူလေ့ရှိသူ ကလေးတွေအတွက် ခက်ခဲပါတယ်။ တချို့တွေက ဒီလိုကလေးဆို flash cards က အဆင်မပြေဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့နေတဲ့ ကမ္ဘာမှာ ဘယ် learners အတွက် ဘယ်ကျောင်းရယ်လို့ သီးသန့်မရှိလေတော့ လှုပ်ရှားနေတဲ့ ကလေးပေမယ့် ကျွန်မသဘောကတော့ ခဏငြိမ်ပြီး သင်ယူတတ်စေဖို့ အားပေးသင့်တယ်လို့ ယူဆပါတယ်။ ဒီလိုကလေးမျိုးကို အနည်းငယ်နဲ့စပြီး သူပျော်သလောက် တဖြေးဖြေးပဲ တိုးပြပြီး ကူညီလေ့ကျင့်ပေးပါ။တခါတလေသူက လှုပ်ရှားနေတယ် နားမထောင်ဘူး ကိုယ်ထင်မိပေမယ့် သူက သွားးသွားလာလာ သင်ယူနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အသက်အရွယ်နဲ့ မျှတသင့်တော်တဲ့ flash cards အမျိုးအစားတွေ ရွေးချယ် ပြသပေးဖို့ပါ။ toodlers အရွယ်ဆို shape တွေ ပျင်းနေပြီဆို သူ့စိတ်ဝင်စားမယ့် Flags တွေ Maths တွေ ပြပေးလို့ရပါတယ်။ ကျွန်မသားအရွယ်တွေအတွက် သင့်တော်တဲ့ ဒီလို ကတ်တွေလည်း နောက်လထုတ်ပေးဦးမှာပါ။ 
 နောက်ဆုံး ပြောချင်တာက စာတတ်မြောက်ရေးထက် ဖွံ့ဖြိုးရေးကို ဦးတည်ပါ။ ပြီးမြောက်ခြင်းထက် ပျော်ရွှင်စွာ သင်ယူပါစေ။

ကတ်တွေကိုအသုံးပြုပြီး ထိထိရောက်ရောက် သင်ကြားပေးကြဖို့ မေမေတို့လည်း တာဝန်ယူပေးကြပါဦး။
အားလုံးပဲ ကစားရင်းသင်ယူနိုင်ပါစေ။
Credit : နွယ်နီကံဝင်း

Visitors: 115,676