The Idiot Brain
The Idiot Brain
သင့်ဦးနှောက်က တကယ်ရောကောင်းရဲ့လား?
ကိစ္စတစ်ခုခုကို စဥ်းစားနေရင်းနဲ့တင်ကိုမေ့သွားတယ်။ ကိုယ့်လောက်တောင် ကိစ္စ တစ်ခုအပေါ်မသိနားမလည်တဲ့သူနဲ့ ပြိုင်ငြင်းရင်း ကိုယ်က ရှုံးသွားရတယ်။ အလုပ်အတူတူတွဲလုပ်နေရတဲ့ သူကိုမမှတ်မိဖြစ်နေမယ်။ ဒါတွေက သင့်ရဲ့ဦးနှောက်မှတ်ညဏ် မကောင်းလို့လား? တကယ်တမ်းကရော ဘာဖြစ်နေတာလဲ? မဖြစ်တော့အောင်ရော နေလို့ရမလား? ဒါတွေအားလုံးရဲ့အဖြေကတော့.....
Dean Burnettကတော့ Neuroscientist တစ် ယောက်ဖြစ်ပြီး best selling authorတစ်ယောက်အဖြစ်လည်းရပ်တည်နေပါတယ်။ Deanရဲ့ '' The Idiot Brain: A Neuroscientist Explains What Your Head is Really Up to'' ကတော့ ဖတ်ရှုရတာပျော်ဖို့လည်းကောင်း entertaining ဖြစ်စေပြီး ကျွန်တော်တို့ ဦးနှောက်ရဲ့ အကြောင်းနဲ့ ပိုမိုကောင်းမွန်တဲ့ ညဏ်ရည်ညဏ်စွမ်းရရှိလာအောင် ဘယ်လိုတွေလေ့ကျင့်ပျိုးထောင်ရမလဲ ရေးသားထားပါတယ်။
''The Idiot Brain''မှာဆိုရင် Deanကနေပြီးတော့ grey matterလို့ခေါ်တဲ့ mysterious and mischievous ဖြစ်တဲ့ အစိတ်အပိုင်းကနေစပြီးတော့ လူသားဦးနှောက်ရဲ့ အပြည့်စုံခြင်းတွေ ကျွန်တော်တို့ပြောဆိုလုပ်ကိုင်မှုတွေကနေ ဦးနှောက်အပေါ်လွမ်းမိုးလာနိုင်တာတွေကို ရေးသားတင်ပြထားပါတယ်။Medical knowledge အရဖြစ်ဖြစ် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် အချိန်ပေးရတာတန်စေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။