Treasure of Norse Mythology

အိမ်ကသားသားမီးမီး ဟာ Marvel superheroes films များကို စွဲစွဲ မြဲမြဲကြည့်တတ်ပြီး နှစ်သက်သူတစ်ယောက်ဆိုရင် American စာရေးဆရာမ Donna Jo Napoli ရေးသားထားတဲ့ Treasury of Norse Mythology: Stories of Intrigue, Tricky, Love, and Revenge ဟာ သားသားမီးမီးတို့အကြိုက်ဆုံးစာအုပ်တစ်အုပ်ဖြစ်လာစေမှာအမှန်ပါပဲ။

သမိုင်းကြောင်းမှာထင်ရှားခဲ့တဲ့ Norse Mythology မှနတ်ဘုရားများ၊သူရဲကောင်းများ၊မကောင်းဆိုးရွားများအကြောင်းကိုမှင်သက်သွားစေနိုင်တဲ့ illustration များဖြင့်ဖော်ပြထားပြီး ကလေးတို့အကြိုက် မိုးကြိုးနတ်ဘုရား Thor လှည့်စားမှုများ၏နတ်ဘုရား Lokiနှင့် သူတို့ဖခင် King Odinတို့ကြား က ပဋိပက္ခများ ချစ်ခြင်းမေတ္တာတရား ညီအစ်ကိုကြားက သံယောဇဥ်များကိုပေါ်လွင်အောင်ရေးသားထားပါတယ်။

Superhero ဇာတ်ကား ပရိတ်သတ် မဖြစ်ရင်တောင်မှ သမိုင်းကြောင်းကိုစိတ်ဝင်စားသူများအဖို့ လက်မလွှတ်သင့်ပဲ ဖတ်ရှုသင်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ အသက်၁၁ နှစ်မှ ၁၄နှစ်ကြား ကလေးများအတွက်ဖတ်ရှုရန်သင့်တော်ပြီး သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ ညီအစ်ကို မိဘကြားကသံယောဇဥ် နွေးထွေးမှုများကိုသိရှိကာ ပိုမိုဗဟုသုတကြွယ်ဝနိုင်စေတာမို့ ဝယ်ယူထားသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။


Treasure of Norse Mythology

Hardcover


Age recommended 8 -12

Size -  12 * 9.5 inchs
192 pages

26,000 MMK
Quantity: In stock
Visitors: 115,466