Treasure of Egyptian Mythology

American စာရေးဆရာမ Donna Jo Napoli ဟာ ကလေးစာပေဆုများစွာ ရရှိထားပြီး ကလေးငယ်များအတွက် သုတရသစုံပေးစွမ်းနိုင်တဲ့ စာအုပ်ပေါင်း၈၀ ကျော်ရေးသားခဲ့ကာ ယခု မိတ်ဆက်ပေးမယ့် Treasury of Egyptian Mythology: Classic Stories of Gods, Goddesses, Monsters and Mortals ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ 
ဒီစာအုပ်မှာတော့ ယခင်ထွက်ရှိထားတဲ့ Treasury of Greek Mythology မှာ စုံစုံလင်လင်ချပြသွားတဲ့ Egyptian နတ်ဘုရား၊ နတ်ဘုရားမများနဲ့ တခြားသော ဇာတ်ကောင်များကို Egyptian သမိုင်း၊ ယဥ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းများနှင့် စပ်ဆက်ဖော်ပြပြီး Pharaohs ဘုရင်များအကြောင်း၊ မြူးထူးသောင်းကျန်းတတ်သည့် Sun God Ra နှင့် ဒဏ္ဍာရီလာ သတ္တဝါများဖြစ်ကြတဲ့ Sphinxများရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ်စုံစုံလင်လင်ဖတ်ရှုရမှာဖြစ်ပါတယ်။ 
အသက် ၈ နှစ်မှ ၁၄နှစ်ကြား သားသားမီးမီးတို့အတွက် ဖတ်ရှုရန်သင့်တော်ပြီး ကမ္ဘာ သမိုင်းအကြောင်း ပိုမိုစိတ်ဝင်စားလာစေရန် အထောက်အကူပြုစေမှာဖြစ်ပါတယ်။ စာအုပ်များရွေးချယ်ဖတ်ရှုတတ်တဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ သားသားမီးမီးများ general knowledge ကြွယ်ဝစေပြီး စိတ်ဝင်စားဖွယ် ကမ္ဘာကြီးအကြောင်းပိုမိုသိရှိနိုင်စေဖို့ ဒီစာအုပ်က အထောက်အကူပြု နိုင်မှာ အသေအချာပါပဲ။
 

 


Treasure of Egyption Mythology

Hardcover


Age recommended 8 -12

Size -  12 * 9.5 inchs
192 pages
Visitors: 115,566