Usborne 24 Hours in .... Series
Usborne နဲ့အတူ ထူးခြားဆန်းပြားနေရာတွေဆီသို့
Usborne ရဲ့ children activities တွေဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ သားသားမီးမီး တိုင်းအတွက် သုတ၊ရသတွေ ရရှိစေပြီး စိတ်ကူးအိမ်မက်တွေ ဖြစ်တည်လာအောင် ထူးချွန်တဲ့သူတွေ ဖြစ်လာစေဖို့ အမြဲတမ်းအထောက်အကူ ပေးလျှက်ရှိနေပါတယ်။
ဒီတစ်ခါမှာတော့ Usborne က သားသားမီးမီးတို့ကို နေရာအသစ်အဆန်းတွေကို ခေါ်ဆောင်သွားမှာဖြစ်ပြီး နေရာသစ်တွေမှာ ၂၄နာရီနေထိုင်ရတဲ့ အတွေ့အကြုံ တွေကို sharing လုပ်သွားပေးသွားမှာပါ။
24 Hours in Antarctica ရေခဲတွေ ဖုံးလွှမ်းနေတဲ့ Antarctica တိုက်မှာ ခင်မင်ဖို့ကောင်းတဲ့ စက်ပြင်သမားတွေနဲ့အတူ တစ်ရက်ကြာ စူးစမ်းရှာဖွေရေး ထွက်ကြမယ်။ တောင်ဝင်ရိုးစွန်းက တောရိုင်းသတ္တဝါတွေကို လေ့လာကြပြီး အသက်ရှင်နေထိုင်ဖို့ သင်ယူကြရအောင်။
24 Hours in Stone Age လွန်ခဲ့တဲ့ နှစ်ပေါင်း 18000 ကျော်လောက် ကျောက်လူသားတွေဆီကို ခေါ်ဆောင်သွားပေးပါမယ်။ တွင်းအောင်းလူသား ကလေးငယ်လေးတွေနဲ့အတူ အမဲလိုက်ထွက်၊ ကျောက်ခေတ်အနုပညာတွေ ဖန်တီး၊ ကျောက်ခေတ်ပစ္စည်းတွေကိုကိုယ်တိုင်လုပ်ရင်း တစ်နေ့တာကို ကုန်ဆုံးလိုက်ပါ။
24 Hours in Space အာကာသယာဥ်မှူးတစ်ဦးက တစ်နေ့တစ်နေ့ဘာတွေလုပ်ရမလဲ စပ်စုကြတာပေါ့။ အာကာသထဲမှာ လမ်းလျှောက်ထွက်ဖို့ အာကာသစခန်းဆီကိုသွားရင်း ဘယ်လို mission တွေကရောစောင့်ကြိုလို့နေမလဲ? အာကာသထဲမှာရော အိမ်သာဘယ်လိုသွားသလဲ? ဒါတွေကို ၂၄နာရီ ကိုယ်တိုင်ဖြတ်သန်းရမှာပါ။
24 Hours in Jungle Borneo ကျွန်းစုလေးက တောအုပ်ထဲကို လေ့လာရေးခရီးထွက်ဖို့ ready ပဲလား? တောတွင်းက ရုက္ခဗေဒ၊ ဇီဝဗေဒ အလှအပတွေကို ကြည့်ရှုရင်း တောတွင်းသားရဲတွေကို လေ့လာမယ်။ သူတို့လေးတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ သင်ယူကြရင်း တစ်ရက်တာ စွန့်စားခန်းလေးပေါ့။
အသက် ၇နှစ်ကနေ ၁၂ နှစ်ကြားသားသားမီးမီးတို့ ဗဟုသုတ ရရှိစေဖို့ သဘာဝပတ်ဝန်းကျင်ကိုချစ်တတ်လာစေဖို့ ထူးချွန်ထက်မြက်တဲ့ ကလေးငယ်တွေဖြစ်လာစေဖို့ 24 Hours graphics novelsလေးတွေကို အခုပဲဖတ်ရှုလိုက်ပါ။


















