Tales From The Arabian Nights
Tales from the Arabian Nights:Stories of Adventure, Magic, Love and Betrayal စာအုပ်ကိုတော့ American စာရေးဆရာမ Donna Jo Napoli ကရေးသားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
Classical children bed time story တွေလို့ပြောလို့ရတဲ့ Aladdin, Sinbad and the sailor, Alibaba and the forty thieves တို့လို တစ်ထောင်နဲ့တစ်ညသော ပုံပြင်များပါဝင်တဲ့ စိတ်ဝင်စားဖွယ် စာအုပ်ကိုတော့ အမိုက်စား illustrations များနဲ့ဖတ်ရှုရမှာဖြစ်ပြီး အခြားအခြားသော စိတ်လှုပ်ရှားဖွယ် စာအုပ်များပါ ဖတ်ရှုချင်စိတ်ပေါ်ပေါက်လာစေနိုင်ပါတယ်။
The magical storytelling of award-winning ဆုရှင် Donna Jo Napoli ရဲ့ Middle East ပုံပြင်များအပေါ်စိတ်ကူးညဏ်ကွန့်မြူးပြီးရေးသားထားတာကြောင့် မူရင်းဇာတ်လမ်းများသိရှိပြီးဖြစ်ရင်တောင်မှ သင့်ကိုနောက်တစ်ခေါက်ပြန်ဖတ်ချင်လာအောင်ဆွဲဆောင်နေမှာပါ။
အသက်၈နှစ်မှ ၁၂နှစ်ကြားသားသားမီးမီးတို့ ဖတ်ရှုရန်သင့်တော်ပြီး စိတ်ကောင်းနှလုံးကောင်းရှိရန် ရဲရင့်သတ္တိရှိခြင်း၏ကောင်းကျိုးများ ဖြတ်ထိုးညဏ်ရှိခြင်း၏အကျိုးကျေးဇူး သနားကြင်နာတတ်ခြင်းဖြင့် အောင်မြင်ရာ၏ ဆိုသော အမျိုးမျိုးသော သင်ခန်းစာများပေးစွမ်းနိုင်သည်မို့ သားသားမီးမီးတို့အတွက် လက်ဆောင်ကောင်းတစ်ခုဖြစ်စေမှာအမှန်ပါပဲ။