Wonder

Wonder books series များဟာဆိုရင် American စာရေးဆရာမ R. J. Palacio ရဲ့ master piece တစ်ခုဖြစ်ပြီး New York Times ရဲ့ ၅နှစ်ကြာ best selling စာအုပ်များဖြစ်ခဲ့ပါတယ်။

ဇာတ်ကောင် August Pullman ဟာ သန်းချီသော စာဖတ်သူပရိတ်သတ်အပေါင်းရဲ့ နှလုံးသားကိုခိုးယူသွားခဲ့ပြီး မြောက်များစွာသော quotes နှင့် ပညာရစေနိုင်သောစကားလုံးများနဲ့ ပျော်ရွှင်ရပြီး ဖတ်ရှုလို့ကောင်းစေမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ August Pullman ဟာငယ်စဥ်ကတည်းက facial deformities လို့ခေါ်တဲ့မျက်နှာပုံပန်းမကျခြင်းရောဂါကိုခံစားခဲ့ရပြီး ကျောင်းသွားတတ်ဖို့ အခက်အခဲရှိနေခဲ့ရပါတယ်။

သူ့ဘဝရဲ့ပထမဆုံးသော ခွဲစိတ်မှုအပြီးမှာတော့ August (Auggie)ဟာ ကျောင်းကိုစတင်တတ်ရောက်ဖို့ကြိုးစားပါတော့တယ်။ ဒီစာအုပ်မှာတော့ မှတ်သားဖွယ်ရာစကားများရဲ့ပိုင်ရှင် English ဆရာ Mr. Browne, Auggie, Julian, Summer, Jack Will စတဲ့ဇာတ်ကောင်များရဲ့ conversationsများကို ဖတ်ရှုရမည်ဖြစ်ပြီး Wonder ကိုဖတ်ရှုလို့ပြီးဆုံးသွားချိန်မှာတော့ ကိုယ်နေထိုင်ခဲ့ရတဲ့ဘဝကိုတဖန်ပြန်လည်တွေးတော့ပြီး သင်ခန်းစာယူစရာများစွာကျန်ရစ်စေခဲ့နိုင်လောက်အောင်ကောင်းလွန်းလှပါတယ်။

Mr. Browne ရဲ့ essaysများဟာဆိုရင်လည်း နာမည်ကြီးကလေးစာပေများမှ သီချင်းများ၊ အီဂျစ်သမိုင်းမှကျောက်စာများကနေ ကံကြမ္မာကွက်ကီးများအထိ စုံလင်စေ့စပ်စွာ ချိတ်ဆက်ပြီး ထည့်သွင်းရေထားတာကြောင့် လူသားများ၏ကောင်းခြင်းများ နှလုံးသားလှခြင်း၏အရေးပါပုံ လူသားတို့၏စိတ်ခွန်အားမည်မျှအစွမ်းကြီးပုံ ကြင်နာသနားတတ်မှုတို့ကို ထိမိစွာခံစားရစေနိုင်မှာပါ။

အသက် 8 နှစ်မှ 14 နှစ်ကြား သားသားမီးမီးတို့အတွက်ဖတ်ရှုရန်သင့်တော်ပြီး လူသားချင်းစာနာနားလည်မှု၊ လူသားဆန်မှု နှင့် ကြင်နာတရားများထုံမွမ်းထားသော စာအုပ်များဖြစ်တာမို့ ကလေးများဖတ်ရှုရန်အသင့်ဆုံး စာအုပ်များဖြစ်ပါတယ်။

 

Wonder 

3 books set

 

Age Recommened  9-12

 

Wonder

 The Extraordinary book about an extraodinary boy named Auddie Pullman.

365 days of wonder

A gorgeous compilation of 365 precepts - words to treasure, every day of the year - inspired by Auggie's teacher Mr.Browne.

 

Auggie & Me

And three specil stories about Auggie's classmates and friends.

WONDER IS NOW A MAJOR MOTION PICTURE STARRING JULIA ROBERTS, OWEN WILSON, AND JACOB TREMBLAY!

Over 6 million people have read the #1 New York Times bestseller Wonder—the book that inspired the Choose Kind movementand have fallen in love with Auggie Pullman, an ordinary boy with an extraordinary face.

The internationally beloved novel Wonder, the treasured collection of companion stories Auggie & Me, and the paperback edition of the inspirational 365 Days of Wonder: Mr. Browne's Book of Precepts are now available in a boxed set edition. This is the perfect gift for the millions of readers who have fallen in love with Auggie Pullman, his friends, and their teacher Mr. Browne, and also for readers who have yet to be introduced to the wonder of Wonder

 

Size - 21*14 cm

306 - 460 pages per book

 

R.J. Palacio ရဲ့ စာအုပ်ကောင်းလေးတစ်ခုဖြစ်တဲ့ Wonder ဆိုတာလေးကို ဆယ်ကျော်သက်လေးများအတွက် မိတ်ဆက်ပေးချင်ပါတယ်။ 

ဒီစာအုပ်လေးထဲမှာ စိတ်ထားပြည့်ဝမှု ၊ အမှန်တရားနှင့် အံ့သြဖွယ်ရာများဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် မှာပဲရှိနေတယ်ဆိုတာကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ 
Agust (Auggie) Pullman ကို ထူးခြားတဲ့မျက်နှာသွင်ပြင်နှင့် မွေးဖွားခဲ့ပြီးယခုအချိန်အထိပင် ကျောင်းတက်ဖို့အတွက်ကို တားမြစ်ခဲ့ကြတယ်။ Auggie ဟာ Beecher Prep မှာ 5th grade ကိုစပြီး သင်ယူခဲ့တယ်။ သူဟာသာမန်ကလေးတစ်ယောက်လိုဆက်ဆံတာထက် ပိုမလိုချင်ခဲ့ဘူး။ သို့သော်သူ၏အတန်းဖော်များသည်သူ၏ထူးခြားသောမျက်နှာကြောင့် အံသြဖွယ်ရာများအမြင်ဖြစ်လာကြပါတယ်။
ဤအရာများသည် ကွဲပြားခြားနားမှုများနှင့်ရုန်းကန်နေရသော အသိုင်းအဝိုင်းကို ပုံရိပ်ပေါ်နေစေသည်။ စာဖတ်သူများအနေဖြင့်လူငယ်များရော လူကြီးများပါ စာနာ နားလည်မှု၊ သနားခြင်းကရုဏာ၊ လက်ခံမှုကို တို့ကို ခံစားရရှိစေပါတယ်။ 
Wonder သည် New York Times၏ အရောင်းရဆုံးအဖြစ် ၅ နှစ်ကျော် (ရက်သတ္တပတ် ၁၄၀ ကျော်နံပါတ် ၁ အထိ) နေရာယူနိုင်ခဲ့သည် စာအုပ်လေးဖြစ်ပါတယ်။ 
Time နှင့် နိုင်ငံတကာဆုများစွာကိုရရှိခဲ့ပြီး Time မဂ္ဂဇင်း၏ Top 100 (၂၀၁၅ ဇန်နဝါရီလ) နှင့် USA Today ၏ထိပ်တန်းအရောင်းရဆုံး Top 100 လည်းဖြစ်ခဲ့သည်။
 
 
Visitors: 115,355