Animal Farm - Graphic Novel
|
75,000 MMK
|
|
ကမ္ဘာ့အကောင်းဆုံး စာအုပ်တစ်အုပ်ကို graphic novel အဖြစ် အခုပဲ ဖတ်ရှုလိုက်ပါ
The Most Popular Books of The Year, The Greatest book of All Time အစရှိတဲ့ ဂုဏ်ထူးဂုဏ်ပုဒ်တွေကို ဒီစာအုပ်ကို ပေးဖို့အတွက် ထိုက်တန်လွန်းလှပါတယ်။ George Orwell ဆိုတာကလည်း ကမ္ဘာ အကောင်းဆုံး စာရေးဆရာတွေထဲက တစ်ယောက်ဖြစ်ပြီး Animal Farmကတော့ George Orwell ရဲ့ master piece လို့တောင် တင်စားရတဲ့အထိ အနှစ်သာရနှဲ့ပြည့်စုံပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ဒီတစ်ခါ မင်မင်တို့ ရောင်းချပေးမှာကတော့ Animal Farm ရဲ့ graphic novel version ဖြစ်ပါတယ်။ Odyrကနေပြီး တော့ George Orwellရဲ့ Animal Farm အနှစ်သာရ တွေလည်း မပျက်ရလေအောင် အကောင်းဆုံး ဘာသာပြန် ပုံဖော်ပေးထားပါတယ်။
" All animals are equal, but some animals are more equal than others''.
လူတွေရဲ့ဖိနှိပ်မှု၊ မတရားခိုင်းစေမှု၊ သတ်ဖြတ်မှုတွေရန်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ခြံဝင်းထဲက တိရစ္ဆာန်တွေ ပူးပေါင်းပြီး ခုခံတော်လှန်ခဲ့ကြရာက ရရှိခဲ့တဲ့ လွတ်မြောက်မှု၊ ဒါပေမယ့် ကြာမြင့်လာတဲ့ အခါ တိရစ္ဆာန် အချင်းချင်းကိုပဲ အလုပ်လုပ်တဲ့သူက အလုပ်ချည်းပဲ လုပ်ရပြီး ရလာတဲ့ အသီးအပွင့်တွေကျ လက်ဝါးကြီးအုပ် ဇိမ်ခံလာတဲ့ တိရစ္ဆာန်ကသက်သက် ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ?
အသက် ၁၃နှစ်ကနေ ၁၇နှစ်ကြား သားသားမီးမီး တို့ဖတ်ရှုရန်သင့်တော်ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ စာအုပ်ကပေးချင်တဲ့ message တွေ အနှစ်သာရတွေကို တစ်ဝကြီးခံစားနိုင်ပြီ ဖြစ်ပါတယ်။ လူကြိုက်များတဲ့ စာအုပ်တစ်အုပ်ဖြစ်တာနဲ့အညီ Instock ကုန်တာလည်း မြန်တာမလို့ အမြန်လေး ဝယ်ယူထားမှ စိတ်ချရမယ်နော်။