Avatar Season 1
|
95,000 MMK
|
|
Avatar: The Last Airbender (part 1)
Animation အနေနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ cartoon seriesတစ်ခုကိုပြောပါဆိုရင် Avatar: The Last Airbender ကိုလက်ညိုးထိုးပြရင် မှားနိင်မယ်မထင်ပါဘူး။ စာရေးဆရာ Gene Luen Yang နဲ့ Michael Dante Dimartino တို့ရဲ့ master piece လို့တင်စားရလောက်တဲ့အထိ storyline ကောင်းကောင်းနဲ့ graphics novel တစ်ခုဖြစ်တဲ့အတွက် သားသားမီးမီး တို့အကြိုက်တွေ့စေမှာ အမှန်ပါပဲ။
ဟိုးရှေးရှေးတုန်းက လေ၊ရေ၊မီး၊မြေ အစရှိတဲ့ မျိုးနွယ်တွေဟာ သဟဇာတ ကျကျ နေထိုင်ခဲ့ကြပြီး မျိုးနွယ်အားလုံးကို The Avatar လို့ခေါ်တဲ့ ဒြပ်စင်လေးမျိုးလုံးကို အသုံးပြုနိုင်တဲ့ အုပ်ချုပ်သူက ထိန်းညှိအုပ်ချုပ်ပေးပါတယ်။ ဒီလိုနဲ့ မီးနိုင်ငံရဲ့ ကျူးကျော်မှုကြောင့် ညီမျှမှုတွေ ပျက်စီးသွားခဲ့ကြရပြီး Avatar လည်း ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။
နှစ်ပေါင်း၁၀၀အကြာမှာတော့ ရေခဲပြင်ကြီးထဲမှာ Katara နဲ့ Sokka တို့မောင်နှမနှစ်ယောက် အမဲလိုက်ထွက်ခဲ့ရင်း ပျောက်ဆုံးနေတဲ့ Avatar ကိုတွေ့ရှိခဲ့ရပါတော့တယ်။ ပြန်လည်နိုးထလာခဲ့တဲ့ Avatar အလောင်းအလျာ Aang တစ်ယောက် လေးပြည်ထောင်ငြိမ်းချမ်းရေးရရှိနိုင်စေဖို့ ဘယ်လိုတွေကြိုးစားပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ?
အသက် ၁၂ နှင့်အထက် သားသားမီးမီး တို့ဖတ်ရှုနိုင်မှာဖြစ်ပြီး animation အနေနဲ့လည်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ series တစ်ခု ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။