Agent Moose

Agent Moose

3 books

Author: Mo O'Hara; illustrated by Jess Bradley

 

Age recommended 6 - 9

 

Agent Moose, the best (worst) secret agent in the Big Forest, and his slightly-more-intelligent sidekick Owlfred solve woodland mysteries in this full-color graphic novel series from Mo O’Hara, author of My Big Fat Zombie Goldfish! illustrated by Jess Bradley!


Something fishy is going on at the South Shore. Folks just disappear and are never seen again. But when Agent Moose learns that a key witness has gone missing, he and Owlfred ride to the rescue. Will they find the missing turtle before time runs out?

 

Size - 20 * 14.5 cm

125 pages per book

 

Agent Moose နှင့် Mystery Funny crime caseများ 

စုံထောက်ဝတ္တုတွေကိုလည်း ကြိုက်နှစ်သက်တယ် ၊ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်တယ်၊ ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရောထားကိုမှကြိုက်တယ်ဆိုရင်တော့ Agent Moose series ကတော့ အိမ်က သားသားမီးမီး တို့ရဲ့ အသည်းကျော်စာအုပ်လေးဖြစ်လာမှာပါ။ စာရေးဆရာမ Mo O'Hara နဲ့ Jess Bradley တို့ပူးပေါင်းထုတ်ဝေထားပြီး Graphics novel အမျိုးအစားဖြစ်တာကြောင့် စာဖတ်ပျင်းတဲ့ သားသားမီးမီး တောင်အကြိုက်တွေ့စေမှာပါ။ 

Agent Moose ကတော့ တောအုပ်ကြီးရဲ့ အကောင်းဆုံး သို့ အဆိုးဆုံးဆိုလည်း ဟုတ်တဲ့ စုံထောက်ကျော်ကြီးဖြစ်ပြီး သူ့ထက်ညဏ်နည်းနည်းပိုကောင်းတဲ့ တပည့်ကျော် Owlfred နဲ့အတူ တောအုပ်ထဲက ပြဿနာတွေကို ဖြေရှင်းပေးလေ့ရှိပါတယ်။ တောင်ဖက်ကမ်းခြေပိုင်းမှာ မသင်္ကာစရာတွေ ဖြစ်လာနေပြီး မိသားစုတွေလည်း ပျောက်ကွယ်လို့နေပါတယ်။ 

Agent Moose လည်း အမှုလိုက်စုံစမ်းရင်း အရေးကြီးသက်သေတစ်ယောက် ပျောက်ဆုံးနေတာကိုတွေရှိပြီးနောက် Owlfred နဲ့အတူ လိုက်လံ ရှာဖွေပါတော့တယ်။ အချိန်မလွန်ခင် သူတို့တွေ သက်သေ လိပ်ကို ရှာတွေ့နိုင်ပါ့မလားဆိုတာကိုတော့ Agent Moose series မှာ စိတ်ဝင်စားဖွယ်ဖတ်ရှုနိုင်ပါတယ်။ 

အသက် ၆ နှစ်ကနေ ၉နှစ် အရွယ် သားသားမီးမီး တို့အတွက် ဖတ်ရှုရန်သင့်တော်ပြီး ဖေဖေမေမေ တို့ကနေ ဖတ်ပြတာဖြစ်ဖြစ်၊ သားသားမီးမီး တို့ကိုယ်တိုင် စာဖတ်ကျင့်တာဖြစ်ဖြစ် အဆင်ပြေတဲ့ စာအုပ် series လေးဖြစ်ပါတယ်။ 

Visitors: 115,676