Enola Holmes

Sherlock Holmes fan သားသားမီးမီးတို့အတွက်သတင်းကောင်း Sherlock Holmes ဆိုရင်မကြိုက်တဲ့သူမရှိသလောက်ကို အောင်မြင်တဲ့ စုံထောက် series ဆိုတာ အားလုံးသိကြပါတယ်။

လူကြီး၊လူငယ်၊ကလေး မရွေးနှစ်သက်ကြတာမလို့ မင်မင်တို့ကလည်း Sherlock Homles နဲ့ပက်သက်တဲ့ original story, sequel အစုံကို pageထဲမှာတင်ဆက်ပေးထားပါတယ်။ အခုမိတ်ဆက်ပေးမှာကတော့ Sherlock Holmes ရဲ့ sequel တစ်ခုဖြစ်တဲ့ Enola Holmes Mystery series လေးဖြစ်ပါတယ်။

Enola Holmes ဆိုတာကတော့ စာဖတ်သူတို့ရဲ့ အသည်းကျော်စုံထောက်ကြီး Sherlock Holmes ရဲ့ညီမဖြစ်ပြီး Sherlock ရဲ့ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုများကိုအမွေဆက်ခံရရှိထားသူလေးဖြစ်ပြီး ဒီ series မှာတော့ Enola ရဲ့တစ်ကိုယ်တော်စုံထောက်ခန်းများကိုမြင်တွေ့ရမှာပါ။

Enola တစ်ယောက်သူမအမေ ရုတ်တရက်ပျောက်ဆုံးသွားမှုကို အစ်ကိုနည်းတူလိုက်လံစုံစမ်းရာမှ လန်ဒန်မြို့သို့ရောက်ရှိလာပြီး သူမမထင်မှတ်ထားတဲ့ စိန်ခေါ်မှုများစွာကြုံတွေ့ရတဲ့အခါမှာတော့ သူ့မအမေကိုရှာဖွေရင်း သူ့မအစ်ကိုSherlockနှင့်ပါအပြိုင်အဆိုင်ညဏ်ရည်ချင်းယှဥ်ကြပုံကို စိတ်လှုပ်ရှားဖွယ် plot twistများစွာဖြင့်ဖတ်ရှုရမှာဖြစ်ပါတယ်။

အသက်၈နှစ်မှ ၁၂ကြား သားသားမီးမီး တို့ဖတ်ရှုရန်ရည်ရွယ်ထားသော်လည်း Sherlock Holmes franchise ရဲ့ hardcore fan တွေအတွက်ကတော့ ဖတ်ရှုလို့ကောင်းစေမယ့် series တစ်ခုဖြစ်ပါတယ်။ စာအုပ်ပေါင်း၆အုပ်ပါဝင်ပြီး အမျိုးသမီး များကိုနှိမ်ချလေ့ရှိတဲ့ ရှေးအင်္ဂလန်ခေတ်မှာ women empower ကောင်းကောင်းချပြထားပြီး ဖတ်ရှုရလွယ်စေမယ့်အရေးအသားတွေကြောင့် သားသားမီးမီး ရောလူတိုင်းပါကြိုက်နှစ်သက်စေမှာပါ။

Enola Holmes

Fantastic Fiction

6 books series

A series by Nancy Springer

 

Enola Holmes might be the much younger sister of Sherlock Holmes, but she manages to outsmart him at every turn, creatively solving mysteries of her own.

 

Visitors: 115,335