The Sherlock Holmes Children's Collection 3
Sherlock Holmes Collection စာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်းရဲ့ နာမည်ကျော် စုံထောက်ရှားလော့ဟုမ်း ဝတ္ထုစီးရီးကို ပြန်ရေးပေးထားတဲ့ စာအုပ်စီးရီးပါ။
ထူးဆန်းထွေလာ စာအုပ်မျိုးတွေ ကြိုက်တတ်တဲ့ ၇ နှစ်အထက် ရင်သွေးငယ်များနဲ့ သင့်တော်ပါတယ်။
ရင်သွေးငယ်တွေ လေ့လာစမ်းလေ့လာတတ်တဲ့၊ ပိုင်းခြားဝေဖန် ဆက်စပ်တွေးခေါ်တတ်တဲ့ အလေ့အထ ရရှိစေဖို့ ကောင်းကောင်း အထောက်အကူ ရစေနိုင်မယ့် စာအုပ်စီးရီးလေးတစ်ခု ဖြစ်ပါတယ်။
ဂန္တဝင်စာပေကို ကလေးငယ်တွေ ခံစားနိုင်စေဖို့ အလေ့အကျင့် ရစေနိုင်ပါတယ်။ သရုပ်ဖော်ပုံလေးတွေကြောင့် ဇာတ်လမ်းကို သက်ဝင်ခံစားရမှု ပိုကောင်းစေလို့ သားသားမီးမီးတို့ စာဖတ်ဖြစ်ဖို့ ပိုအားပေးအဆင်ပြေစေမှာပါ။
လူ့ကျင့်ဝတ်၊ လူတွေရဲ့ စိတ်နေသဘောထားများစွာကို ထင်ဟတ်နေစေပြီး မကောင်းတာလုပ်မိရင် မကောင်းတဲ့သူတို့သွားရာလမ်းအတိုင်းလိုက်သွားရမှာဖြစ်ကြောင်း သင်ခန်းစာပေးထားပါတယ်။ ကလေးတွေ အတွက် စိတ်ကူးစိတ်သန်း ပိုကောင်းလာစေနိုင်ပြီး လူမှုပတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်တွေကို ပိုမိုနားလည်နိုင်စေဖို့အထောက်အကူပေးမှာအသေအချာပါပဲ။
အသက် ၇ နှစ်အထက်အရွယ် ကလေးများအတွက်အထူးသင့်တော်ပြီး mannersကောင်းတွေ ethics ကောင်းတွေပိုင်ဆိုင်ရစေဖို့အတွက် ဖတ်ရှုသင့်ပါတယ်။ Sherlock လိုတွေးတတ်လာအောင်သာမက မလုပ်သင့်မလုပ်အပ် ရှောင်ကြဥ်သင့်တာတွေကိုပါ သိနားလည်နိုင်တာမို့ ကလေးရှိတဲ့အိမ်တိုင်းရှိသင့်တဲ့ စာအုပ်တွဲတွေ ဖြစ်ပါတယ်။
|
55,000 MMK
|
|