Hilda

စပ်စုစိန် Hilda နဲ့ Mgical Adventures
မှော်ဆန်တဲ့ သတ္တဝါတွေ၊ စကားပြောနိုင်တဲ့ တိရစ္ဆာန် တွေနဲ့ ထူးခြားမှုတွေ ပြည့်နှက်နေတဲ့တောအုပ်ကြီး ဒီလိုမျိုး အနေအထားတွေဟာ ကလေးတွေရဲ့ ငယ်ဘဝ အိမ်မက်တစေ့တစောင်း အနေနဲ့ အမြဲပါဝင်လေ့ ရှိကြပါတယ်။ Luke Pearson ကတော့ One of the best cartoonists working today လို့တောင် တင်စားခံရသူဖြစ်ပြီး အခု မိတ်ဆက်ပေးမယ့် Hilda series လေးကလည်း Luke ရဲ့ best seller တွေထဲက တစ်ခုဖြစ်ပါတယ်။
Hilda ဆိုတာကတော့ တစ်နေရာထဲမှာထိုင်ပြီး ငြိမ်နေရမှာထက် စွန့်စားခန်းတွေ ဖွင့်ဖို့သာအမြဲ ကြံစည်နေတတ်သူလေးပါ။ သူမရဲ့ ငြို့ယူဖမ်းစား နိုင်စွမ်းတွေပြည့်နေပြီး အံသြစရာတွေမကုန်နိုင်တဲ့ ကမ္ဘာကြီးကြောင့်လည်း သူမမှာ စွန့်စားခန်းမဖွင့်ရမနေနိုင်ဖြစ်နေတာပေါ့။ မှော်ဆန်ဆန်ရွေ့လျားနေတဲ့တောင်တွေ၊ စကားပြောတဲ့ ကျီးကန်းတွေနဲ့ လမ်းလျှောက်သွားနေတဲ့ မှင်စာတွေကြား Hilda တစ်ယောက် သူငယ်ချင်းအသစ်တွေရှာရင်း စွန့်စားခန်းဖွင့်ပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အသက် 6 နှစ် အထက် သားသားမီးမီး တို့ဖတ်ရှုရန်သင့်တော်ပြီး Netfilx series အနေနဲ့လည်း ထွက်ရှိထားပါတယ်။ 
စာအုပ်ပေါင်း ၆ အုပ်ပါဝင်မှာဖြစ်ပြီး တစ်အုပ်ချင်းဆီတိုင်းမှာလည်း Hilda ရဲ့ စွန့်စားခန်းတွေက တစ်ဆင့် မှတ်သားစရာ သင်ယူစရာလေးတွေလည်းပါတာမလို့ သားသားမီးမီး တို့ စာအုပ်စင်ပေါ်မှာ ရှိထားသင့်တဲ့ စာအုပ်လေးတွေပဲဖြစ်ပါတယ်။
 
 
 

 

Hilda (Hildafolk) Complete Book Series (6 Books)

 

Age Recommended 6+

 

This Hilda Complete Book Series includes 6 Books:

1. Hilda and the Troll

2. Hilda and the Midnight Giant

3. Hilda and the Bird Parade

4. Hilda and the Black Hound

5. Hilda and the Stone Forest

6. Hilda and the Mountain King

 

Size - 25*18 cm

45 - 75 pages per book

Visitors: 115,674