Andrew Lost

Science Fiction Adventure နဲ့ပါတ်သက်ရင်တော့ J.C. Greenburg ရဲ့ Andrew Lost series စာအုပ်တွဲလေးကို မိတ်ဆက်ပေးပါရစေ။

ဇာတ်လိုက်ကတော့ Andrew Dubble ဆိုတဲ့ တီထွင်မှုတွေကိုရူးသွပ်တဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့သူ့တီထွင်မှုတွေက များသောအားဖြင့် အလုပ်မဖြစ်တတ်ပါဘူး။ ဒါပေမဲ့ သူကတော့ လွယ်လွယ်နဲ့ အားလျော့မဲ့သူတော့ မဟုတ်ပါဘူး။

ပထမဆုံးစာအုပ် Andrew Lost on the dog မှာ သူ့ရဲ့နောက်ဆုံးတီထွင်မှု the Atom Sucker ကြောင့် Andrew နဲ့သူ့ cousin Judy တို့ လူသေးသေးလေးတွေအဖြစ် ကျုံ့ဝင်သွားကြပြီး သူတို့အိမ်နီးချင်းအိမ်က ခွေးအပေါ် ရောက်ရှိသွားပါတယ်။ သူတို့အဲလိုဖြစ်သွားတာကို ဘယ်သူမှ မသိလိုက်ကြပါဘူး။ အဲဒီမှာ သူတို့ကြုံတွေ့ရတဲ့ အန္တရာယ် တွေက ခွေးခန္ဓာကိုယ်ပေါ်က ကြီးမားတဲ့ခွေးသန်းကြီးတွေ၊ မျက်ခုံးမွှေးပေါ်နေတဲ့ ဂဏ္ဏန်းပုံစံ ကမျဥ်းနီကောင်တွေ ဖြစ်ပါတယ်။ သူတို့မှာလည်း နဂိုခန္ဓာကိုယ်အရွယ်အစားပြန်ရောက်နိုင်ဖို့ရာ အချိန်၈နာရီသာ ကျန်ရှိပါတော့တယ်။ အဲအချိန်ကို ကျော်သွားရင်တော့ ဒီသေးငယ်တဲ့ အရွယ်အစားနဲ့ တသက်လုံး ဘယ်သူမှသတိမထားမိပဲ နေသွားရတော့မှာဖြစ်ပါတယ်။

Reading Age 6-9 years, Grade 1-4 ကလေးများအတွက်ဖြစ်ပါတယ်။




Andrew Lost
18 books



From Book 1: 

When Andrew’s latest invention, the Atom Sucker, goes haywire, Andrew and Judy are shrunk down to microscopic level! Andrew and Judy find themselves lost on their neighbor’s dog, where they encounter everything from colossal fleas to crab-like eyelash mites. Now they have to find their way back to the Atom Sucker and get unshrunk before it’s too late!

 

Size - 24 * 17 cm
86 pages per book

 

Visitors: 117,330