Providing parents and teachers with the language and educational books to help children with knowledge and healthy habits.You can look up a variety of books easily in this website ...
What to Do When I'm Gone
Tags: knowledge book, self help book
What to Do When I'm Gone
A Mother's Wisdom to Her Daughter
A mother's advice to her daughter--a guide to daily living, both practical and sublime--with full-color illustrations throughout.
|
48,000 MMK
|
|
ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း မိဘမေတ္တာဆိုသည်မှာ ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့မရတဲ့ အနှိုင်းမဲ့မေတ္တာ ဖြစ်ပါတယ်။
ခုမိတ်ဆက်ပေးမဲ့ စာအုပ်လေးကတော့ သားသမီးတို့အပေါ်ထားရှိတဲ့ မိဘမေတ္တာကို အပြည့်အဝဖော်ကျူးထားတဲ့ What to do when I'm gone ဆိုတဲ့စာအုပ်လေးပဲ ဖြစ်ပါတယ်။
အထူးသဖြင့် မိခင်တစ်ယောက်ရဲ့ သမီးအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အမှာစကားကို ပေါ်လွင်စေတဲ့ စာအုပ်လေးဖြစ်ပါတယ်။
ဒီစာအုပ်ကို သရုပ်ဖော်တဲ့ ဆရာမ Hallie ရဲ့မိခင် ဆရာမ Suzy ကင်ဆာရောဂါနဲ့ မကွယ်လွန်ခင်မှာ သမီးဖြစ်သူကို လမ်းညွှန်ဆုံးမစကား အဖြစ် မှတ်တမ်းရေးသားထားတာကို ဆရာမ Hallie က ပြန်လည်သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
သူမကွယ်လွန်ခင်မှာ သမီးဖြစ်သူအတွက် နောင်အနာဂါတ်မှာ ဘယ်လိုနေထိုင်သွားရမယ်၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမယ်၊ ကိတ်မုန့်ဘယ်လိုဖုတ်ရမယ် ကနေ ဘဝလက်တွဲဖော်ကို ဘယ်လိုရွေးချယ်ရမယ် စသဖြင့် မိန်းကလေးတို့ သိသင့်သိထိုက်တဲ့ အကြောင်းအရာမျိုးစုံကို နေ့အလိုက်၊ လအလိုက်၊ နှစ်အလိုက် မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဆရာမ Suzy ရဲ့ဟာသဥာဏ် ကို ဆရာမ Hallie ရဲ့တမူထူးခြားတဲ့ သရုပ်ဖော်လက်ရာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သင်ကြားမှုကို ကရုဏာသက်ဖွယ် ဖော်ကြူးထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ် ဖြစ်လာပါတယ်။
စိတ်ကူးယဥ် ဆန်မှု၊ ရယ်ရွှင်ဖွယ်ကောင်းမှု၊ ရင်ဘတ်ထဲထိ ခံစားရောက်ရှိမှု၊ လက်တွေ့ဆန်မှု စသဖြင့် စာဖတ်သူတွေကို ပျော်စရာ၊ ကရုဏာသက်စရာ၊ ဝမ်းနည်းစရာ ရသအမျိုးမျိုးကို ခံစားရစေပါတယ်။
ဖေဖေမေမေတို့အနေနဲ့ မိမိတို့ရဲ့ သမီးလေးတွေကို လောကကြီးအကြောင်း သင်ကြားပေးဖို့ ဒီစာအုပ်လေးက အရမ်းသင့်တော်ပါတယ်။
မိဘနဲ့ သားသမီးတွေ အချင်းချင်းကြား နားလည်မှုတွေကို မြှင့်တင်ပေးမဲ့ စာအုပ်လေးဆိုလည်း မမှားပါဘူး။
အသက် ၁၅ နှစ်အထက် သမီးငယ်လေးများအတွက်
ဖြစ်ပါတယ်။
၁၂အောက်ကလေးများအတွက် မသင့်တော်ပါ။
စာအုပ်အရည်အသွေး အထူးကောင်းမွန်ပါတယ်။