Big Nate Novel and Activity Books

Paramount ရုပ်ရှင်ထုတ်လုပ်ရေးကနေ မကြာခင် animation အဖြစ်ထုတ်လုပ်တော့မယ့်စာအုပ်စီးရီးလေးပါ။ Big Nate ကာတွန်းတွေရဲ့ စာနယ်ဇင်းနေရာအစုံမှာ တစ်စစီပြန့်ကျဲနေတဲ့ ကာတွန်းများနဲ့ လုံးဝထုတ်ဝေခြင်း မရှိထားသေးတဲ့ ကာတွန်းများကို စုစည်းတင်ဆက်ပေးထားတာမလို့ သူ့ပရိသတ် ရင်သွေးငယ်တွေအတွက် ဒီစီးရီးလေးက တကယ်အဖိုးတန် ရတနာသိုက်လေးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင် genius လို့ သတ်မှတ်ထားတဲ့၊ Grade 6 ကျောင်းသားလေးပေမဲ့ ပြင်ပဗဟုသုတ လေ့လာမှုအားကောင်းပြီး ဉာဏ်ရည်မြင့်တဲ့ Nate Wright ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝထဲက မိသားစုနဲ့ သူငယ်ချင်းတွေ၊ ကျောင်းက ဆရာတွေအပေါ် တွေးခေါ်တုံ့ပြန်ပုံတွေကို ခပ်သောသောလေး တင်ဆက်ထားလို့ ၉ နှစ်ကနေ ၁၄ နှစ်အရွယ်ကြား ကလေးငယ်တွေအတွက် အဓိက အဆိုပြုထားပါတယ်​။ (ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ မိဘအုပ်ထိန်းသူတွေကပါ သဘောကျတယ်ဆိုတဲ့ review တွေ များများ တွေ့ရတာပါပဲ) သူ့အရွယ်လေးနဲ့ ဆင်ခြင်တွေးတောမှုတွေ လုပ်ပြီး အဆီအငေါ်မတည့်မှုတွေကို ပြက်ရယ်ပြုတတ်တဲ့ စရိုက်လက္ခဏာနဲ့ Big Nate ရဲ့ စီးရီးတွေကနေ ရင်သွေးငယ်တွေကို ဖောက်ထွက်တွေးနည်း (lateral thinking) နဲ့ ယုတ္တိတန်တဲ့ ထေ့ငေါ့သရော်တဲ့ အမြင် (sarcasm) တွေနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ မိမိရင်သွေးကို ရင့်ကျက်ဖို့၊ ပါရမီရှင်ဆန်တဲ့ စိတ်နေမျိုး ရစေဖို့၊ ဖောက်ထွက်တွေးတတ်ဖို့၊ ဟာသဉာဏ်ရွှင်စေဖို့ နှစ်သက်တဲ့ မိဘအုပ်ထိန်းသူများအတွက် ရွေးချယ်စရာ ကလေးစာပေတွေထဲက နည်းနည်းထူးခြားတဲ့ စီးရီးလေးဖြစ်ပါတယ်။

 

Big Nate Novel and Activity Books

14 Books (8 Novel and 6 Activity Books)

 

Age recommended 9+

This second Big Nate themed paper-over-board activity book is bursting with awesome NEW activities for Nate fans, including trivia quizzes (How well do you know Nate?), Timber Scout badges, super sudoku puzzles, crackable codes, create your own comix, amazing mazes, poetry slams, ridiculous rhymes, marvelous Mad Libs, and much more. Nate's world pops off the pages with more than 500 black-and-white illustrations . . . that YOU get to help create!

 

Size - 21 * 13.5 cm

220 pages per book

Visitors: 115,474