The Judy Moody _ Most Mood-Tastic Collection ever

သမီးငယ်လေးများအတွက် ဆရာမ Megan McDonald ရဲ့ Judy Moody Collection နဲ့မိတ်ဆက်ပေးပါရစေ။

Judy Moody ရဲ့ အရမ်းရယ်ရွှင်ဖွယ်ကောင်းတဲ့ စွန့်စားခန်းတွေနဲ့ နာမည်ကျော်ခဲ့တဲ့ bestselling series တစ်ခုပါ။

ပထမဆုံးစာအုပ် Judy Moody was in a Mood မှာ Judy Moody ဆိုတဲ့ သမီးလေးဟာ နာမည်နဲ့လိုက်အောင် စိတ်အပြောင်းအလဲမြန်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ စိတ်ခံစားချက်ဟာ ဒီနေ့နဲ့ နောက်နေ့ ဘယ်တော့မှမတူ အမြဲပြောင်းလဲနေသူပါ။ စိတ်ပျော်ရွှင်မှု၊ စိတ်ကောက်မှု၊ ကျောင်းတက်ခါနီးစိတ်အခြေအနေ စသဖြင့် Judy မှာ စိတ်ခံစားချက်လေးတွေ မျိုးစုံ ရှိနေသူလေးပါ။

ဒီဇာတ်လမ်းလေးတွေမှာ Judy ရယ်၊ သူ့မောင်လေး Stink ရယ်၊ သူမရဲ့သူငယ်ချင်း Rocky နဲ့ Frank Pearl တို့ပါဝင်ကြပါတယ်။ အတန်းဆရာမအသစ်ရောက်လာတဲ့အခါ Me လို့ခေါ်တဲ့ စက္ကူဖြတ်ညှပ်ကပ် project ကို ကြိုက်လွန်းတာကြောင့် Judy တစ်ယောက် စိတ်ဆိုးစိတ်ကောက်ဖို့တောင် မေ့လို့သွားပါတော့တယ်။

နောက်စာအုပ် Judy Moody Save the World ထဲမှာ Judy ဟာ အတန်းထဲမှာ သဘာဝပတ်ဝန်းကျင်အကြောင်းကို သင်ခဲ့ရပြီးနောက် ကမ္ဘာကြီးကို ကယ်တင်ချင်စိတ်တွေ အရမ်းကိုဖြစ်နေပါတယ်။

သူမကြားသိခဲ့ရတဲ့ အမြဲစိမ်းမိုးသစ်တောကြီးတွေရဲ့ နဲ့ ​မျိုးတုံးပျောက်ကွယ်ခါနီး တိရစ္ဆာန်မျိုးစိတ်တွေ အပေါ်ကျရောက်နေတဲ့ အန္တရာယ်တွေကို ဖြေရှင်းပေးချင်တာပါ။ ဒါပေမဲ့ သူမရဲ့ကိုယ်ပိုင်မိသားစုလေးကတော့ အမှိုက်တွေကိုတောင် ကောင်းမွန်စွာ Recycle လုပ်နိုင်ခြင်းမရှိပါဘူး။

ဒါပေမဲ့ Judyကတော့ ကမ္ဘာကြီးကို သူ့နေရာတကျ ပြန်ကောင်းမွန်လာဖို့ စိတ်အားထက်သန်လို့နေပါတယ်။

Reader age 6-9 years Grade 1-4 ကလေးငယ်များအတွက် သင့်တော်ပါတယ်။



The Judy Moody 

Most Mood _ Tastic Collection ever

 

 

A perfect gift for Judy Moody uber-fans! Everyone's favorite exuberant third-grader is celebrated like never before with a GIANT set of her first twelve adventures.  

 

 Size - 18.5 * 14 cm

130 - 190 pages per book

Visitors: 115,318