Jane Austen _ Children's Stories

Jane Austen ဟာ reader တို့နဲ့ရင်းနှီးပြီးသား နာမည်ကျော် အင်္ဂလိပ် စာရေးဆရာမဖြစ်ပါတယ်။

ခုမိတ်ဆက်ပေးချင်တာကတော့ သူမရဲ့ နာမည်ကြီး ဝတ္ထုတွေကို ကလေးများအတွက် ရေးသားထားတဲ့ The Complete Jane Austen Classics 8 Book Collection ဖြစ်ပါတယ်။

1. Emma

2.Mansfield Park

3.Sense and Sensibility

4.Pride and Prejudice

5.Northanger Abbey

6.Persuasion

7.Love and Friendship

8.A Personal Journal တို့ဖြစ်ပါတယ်။

ဒီစာအုပ်တွေမှာ သူမရဲ့ နာမည်အကြီးဆုံး ဇာတ်ဆောင်အမျိုးသမီးတွေရဲ့ မိမိကိုယ်ကိုယ်ကို ရှာဖွေတွေ့ရှိမှု၊ ယုံကြည်မှု၊အချစ်စစ်၊ လူတွေရဲ့စရိုက်လက္ခဏာ အမျိုးမျိုး တို့အကြောင်းကို ဖော်ကျူးထားပါတယ်။ ဒီစာအုပ်တွဲလေးဟာ ကလေးများကို ဂန္တဝင်စာအုပ်များနဲ့ စတင်မိတ်ဆက်ပေးထားပြီး လက်ဆောင်ပေးရန် အတွက်လည်း သင့်တော်ပါတယ်။ အထူးသဖြင့် သမီးငယ်လေးများကြိုက်နှစ်သက်မဲ့ စာအုပ်တွဲ ဖြစ်ပါတယ်။

ပထမဆုံးစာအုပ်ဖြစ်တဲ့ Emma ဟာ ထူးချွန်ထက်မြက်ပြီး ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူ့သူငယ်ချင်း Harriet အတွက် perfect ဖြစ်မဲ့ လက်တွဲဖော်ကို ရှာပေးနိုင်လိမ့်မယ်လို့ ထင်ထားပါတယ်။ ဒါပေမဲ့ အမှားတွေ တစ်ခုပြီးတစ်ခု လုပ်ခဲ့မိပြီးနောက် သူမဟာ လူတွေကိုသာမက သူ့ကိုယ်သူပါ နားမလည်ခဲ့မှန်း သိခဲ့ပါတယ်။ အထူးသဖြင့် သူမရဲ့ နှလုံးသားကို သူမ နားမလည်ခဲ့တာပါ။

Sense and Sensibility မှာ Elinor နဲ့ Marianne ဆိုတဲ့ ညီအစ်မ၂ယောက်ဟာ အချစ်နဲ့ပတ်သက်ပြီး အမြင်မတူကြပါဘူး။ Marianne က အချစ်နဲ့ပတ်သက်ရင် စိတ်ကူးယဉ် ဆန်တတ်ပေမဲ့ Elinor ကတော့ လက်တွေ့ဆန်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဖခင်ဆုံးသွားတဲ့အခါ သူတို့ဟာ အိမ်အသစ်ကို ပြောင်းဖို့ ဖိအားပေးခံခဲ့ရပါတယ်။ အဲဒီအိမ်မှာ ချစ်ခြင်းမေတ္တာအတွက် နေရာကော ရှိပါမလား။

Pride and Prejudice မှာတော့ Mrs Bennet ဟာ သူမရဲ့ သမီးတွေအတွက် ချမ်းသာတဲ့ခင်ပွန်းတွေကို ရှာဖွေပေးဖို့ စိတ်ထက်သန်နေပါတယ်။ အိမ်နားက အိမ်နီးချင်းတွေမှာ အဲလိုလူမျိုး ရှာဖွေနိုင်ဖို့ မျော်လင့်နေပါတယ်။ ဒါပေမဲ့ Mr Darcy ကတော့ ပိုက်ဆံထက် မာနထောင်လွှားမှုက ပိုကဲလို့နေပြီး ဘယ်သူနဲ့မှ မတည့်ပါဘူး။ အထူးသဖြင့် Elizabeth Bannet ကတော့ သူ့ကိုနည်းနည်းလေးမှ ကြည့်လို့မရပါဘူး။ ဒါပေမဲ့ အားလုံးကမုန်းနေခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။

နောက်ဆုံးစာအုပ် My Story Journal ကတော့ ကလေးတွေကို သူတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းလေးတွေနဲ့ ကိုယ်ပိုင် stories လေးတွေရေးနိုင်ဖို့အတွက် Journal အဖြစ်ထည့်ပေးထားပါတယ်။

စာအုပ်တိုင်းမှာ Audio Book အတွက် QR code ပါဝင်တာမို့ listening ပါ တိုးတက်စေမှာပါ။

Reader age 7-9 years ကလေးငယ်များအတွက် သင့်တော်ပါတယ်။

Jane Austen Children's Stories (Easy Classics) 

8 Book Box Set 

Paperback 

 

Sweet Cherry Easy Classics carefully adapt classic literature into accessible stories for children, with the aim of introducing these timeless tales to a new generation.

 

Size - 19.5 * 13 cm

94 pages per book

    • 20220325_185016.jpg
      Providing parents and teachers with the language and educational books to help children with knowledge and healthy habits.You can look up a variety of books easily in this website ...
Visitors: 115,431