Providing parents and teachers with the language and educational books to help children with knowledge and healthy habits.You can look up a variety of books easily in this website ...
The Trials of Apollo
The Trials of Apollo
5 book series _ by Rick Riordan _ Kindle Edition
Percy Jackson series နဲ့ပေါက်ခဲ့တဲ့ စာရေးဆရာ Rick Riordan ရဲ့ Greek Myth series တစ်ခုဖြစ်တဲ့ The Trials of Apollo series ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ နတ်ဖုရား Apollo ဖြစ်ပါတယ်။ ပထမဆုံးစာအုပ်ဖြစ်တဲ့ The Hidden Oracleမှာ Apollo ဟာ ဖခင်ဖြစ်သူ နတ်ဘုရားတို့၏ဘုရင်ကြီး Zeus ရဲ့ အမျက်သင့်ခံရတာကြောင့် immortal god အဖြစ်မှ လူသားအဖြစ် အပြစ်ပေးခြင်းခံခဲ့ရပြီး နတ်ဘုရားတွေ နေထိုင်ရာ Olympus တောင်ကနေ နှင်ထုတ်ခံခဲ့ရပါတယ်။
လူသာမန်ဖြစ်သွားတာကြောင့် အားနည်းနေပြီး ဘယ်ကိုရောက်မှန်းမသိဖြစ်နေကာ New York City ကို သာမန်ဆယ်ကျော်သက် ယောကျ်ားကလေး တစ်ယေက်အနေနဲ့ ရောက်ရှိသွားပါတယ်။ သူရဲ့ နတ်ဘုရားအစွမ်းတွေ မရှိတော့တာမို့ အခုတော့ သူဟာ ခေတ်သစ် မော်ဒန်ကမ္ဘာကြီးထဲမှာ ရှင်သန်နိုင်ဖို့ သင်ယူရမှာဖြစ်ပါတယ်။ Zeus ရဲ့ ခွင့်လွှတ်မှုကို ပြန်လည်ရရှိအောင်လည်းကြိုးစားသွားရမှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း သူ့မှာ ရန်သူတွေရှိနေပါတယ်။ ရန်သူတွေထဲမှာ နတ်ဘုရားတွေ၊ monstersတွေနဲ့ နတ်ဘုရားတွေကို မုန်းတီးတဲ့ လူသားတွေလည်း ရှိပါတယ်။
အဲဒီအကူအညီရနိုင်မဲ့ တစ်ခုတည်းသောနေရာကတော့ Camp Half-blood လို့ခေါ်တဲ့ နတ်ဘုရားတစ်ပိုင်း၊ လူသားတစ်ပိုင်း demigods တွေစုဝေးနေထိုင်တဲ့နေရာကို သွားရမှာဖြစ်ပါတယ်။
Target Reader age - 9 to 14 years ဖြစ်ပါတယ်။