Charlie Bone

Charlie Bone

8 books 

 

Size - 19 * 13 cm

310 pages per book

Harry Potter လို Magic မှော်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ young fantasy readers တွေ အတွက် Charlie Bone series လေး ရှိပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ Charlie Bone ဆိုတဲ့ကောင်လေးဟာ ဓာတ်ပုံတွေထဲက စကားပြောသံတွေကို ကြားနိုင်တဲ့ အစွမ်းရှိသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါကိုသိသွားကြတဲ့အခါ သူ့ကို Bloor's Academy ဆိုတဲ့ မှော်ပညာကျောင်းကြီးကို စေလွှတ်ခြင်း ခံခဲ့ရပါတယ်။ အဲကျောင်ကြီးမှာ Charlie တစ်ယောက်ဟာ endowed with special gift ဆိုတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံလာရပါတယ်။ သူတို့ဟာ လျှိ့ဝှက်ဆန်းကြယ်တဲ့မှော်သခင်ကြီး Red King နဲ့ သူ့ကလေး ၁၀ ယောက်ကနေ ဆင်းသက်လာတဲ့ ပါရမီရှင်လေးများ ဖြစ်လို့နေပါတယ်။

ဟိုးရှေးအခါက မှော်သခင်ကြီး Red King ဟာသူရဲ့ ဇနီးသေဆုံးသွားတဲ့အခါ အလွန်စိတ်ထိခိုက်တာကြောင့် သူရဲ့ကလေးတွေကို စွန့်ပယ်ခဲ့မိပါတယ်။

ကလေးတွေထဲက တစ်ချို့တစ်ဝက်က wicked ဖြစ်သွားပြီး dark magic ဘက်ကို ပါသွားပါတယ်။ ကျန်တစ်ဝက်ကတော့ လူကောင်းတွေဖြစ်လာကြပြီး မိသားစုတွင်း အားပြိုင်မှုတွေဖြစ်လာကြပါတယ်။

ဒီဇာတ်လမ်းထဲမှာ Charlie တစ်ယောက်လည်း အလိုလိုနေရင်း ပါဝင်လို့နေပါတယ်။ ဤဇာတ်လမ်းတွဲလေးသည် ဖတ်ရှုရန်လွယ်ကူခြင်း၊ ပျော်စရာကောင်းခြင်း၊ စိတ်လှုပ်ရှားဖွယ်ကောင်းခြင်း စတဲ့ ရသမျိုးစုံကို ခံစားရမှာ ဖြစ်ပါတယ်။

Reader Age - 8 years old and above အတွက် သင့်တော်ပါတယ်။

Visitors: 115,059