Myth-O-Mania series

Myth-O-Mania series

3 books

 

Think you know the real story behind the Greek myths? Think again. Most people only know what Zeus wants them to. But the truth is, Zeus is a total myth-o-maniac. Hades, King of the Underworld, is here to set the record straight on how he ended up as Ruler of the Underworld and Zeus became King of the Gods.

Size - 20* 13 cm

199 pages per book

ကလေးရောလူကြီးများပါကြိုက်နှစ်သက်တဲ့ ဂရိ ဒဏ္ဍာရီပုံပြင် များနဲ့ပတ်သက်ရင် Kate McMullan ရဲ့ Myth-O-Mania seriesကို ချန်ထားလို့မဖြစ်နိုင်ပါဘူး။ ဒီစာအုပ်တွေမှာဆိုရင် ဂရိ နတ်ဘုရားတို့ရဲ့ နောက်ကွယ်က လူတွေ မသိသေးတဲ့အကြောင်းအရာတွေကို မြေအောက်ကမ္ဘာရဲ့အရှင်သခင်ကြီး Hadesက ဖွင့်ဟ ပြောပြသွားမှာပါ။ , ပထမဆုံးစာအုပ်ဖြစ်တဲ့ Have a hot time Hadesမှာ ဂရိနတ်ဘုရားတို့ရဲ့ဂိုဏ်းချုပ်ကြီး Zeusရဲ့ ကျွန်တော်တို့မသိသေးတဲ့ နောက်ကွယ်က အရှုပ်တော်ပုံကို Hadesက ဖွင့်ချသွားမှာပါ။ မြွေဆံပင်တွေနဲ့ သူ့ကိုကြည့်မိရင် ကျောက်တုံးဖြစ်သွားတဲ့ Medusa အကြောင်းကြားဖူးတယ်မဟုတ်ပါလား။ Say Cheese Medusa စာအုပ်မှာဆိုရင် မီဒူဆာဟာ မွေးတုန်းကချောမောလှပခဲ့သူဖြစ်ပြီး ဘယ်လိုကျိန်စာတွေသင့်ခဲ့ပြီး ဒီလိုဖြစ်သွားတာလဲ။ သူရဲကောင်း Perseusက မီဒူဆာရဲ့ခေါင်းကို တကယ်ပဲ ဖြတ်နိုင်ခဲ့ပါသလား စသဖြင့် သခင်ကြီး Hades ကဖွင့်ချသွားမှာပါ။ Get Lost Odysseus မှာဆိုရင် ထရိုဂျန်စစ်ပွဲကို အောင်မြင်ပြီးနောက် ဘုရင်ကြီး Odysseyရဲ့ အိမ်ပြန်ခရီးမှာ ပင်လယ်နတ်ဖုရား Poseidon ရဲ့အမျက်သင့်ခံရပြီး ၁၀နှစ်တိုင်တိုင် ကြာခဲ့ရပုံ၊ သို့ပေမဲ့ သခင်ကြီး Hadesက Poseidonကိုပေးထားတဲ့ ကတိကိုမပျက်စေပဲ ဘုရင်ကြီး Odysseyကို ဘယ်လိုသွယ်ဝိုက်ပြီးကူညီသွားမှာလဲ။ စသဖြင့် ကျနော်တို့မသိသေးတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

Visitors: 115,599