Vocabulary Work Book Grade 2

Vocabulary Grade 2

(Workbook & Picture Dictionary)




ဒီစာအုပ်လေးက ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ သင်ယူလို့ရမယ့်စာအုပ်လေး❤️❤️❤️

ဘာလို့လဲဆိုတော့အခန်းတိုင်းအတွက်
fun-learning activities တွေချည်းပဲ ထည့်ပေးထားတာမို့ ကစားရင်း စာသင်သလို စာတွေအများကြီး ရသွားမှာမို့ပါ။
Grade-2 English သင်ရိုးနဲ့အညီ Vocabulary တွေ အခန်းစဉ်လိုက်ပါပါမယ် ။

တစ်ခန်းစီအတွက် Picture dictionary ပါတွဲထားရခြင်းအကြောင်းလေးက သင်ရိုးသစ် English ရဲ့ ရည်ရွယ်ချက်၊ရေရှည်သွားချင်တဲ့ လမ်းကြောင်းကို သုံးသပ်ရရင်
"a- apple-ပန်းသီး" မဟုတ်ပါဘူး။ 
ပန်းသီးပုံကိုမြင်လိုက်တာနဲ့ ကလေးရဲ့ခေါင်းထဲမှာ apple လို့ပေါ်လာပြီး နှုတ်က apple လို့ ထွက်လာစေဖို့ပါ။ ဒီလိုအလေ့အကျင့်က vocab ကတဆင့်
4 skills ကိုဆက်ဆွဲခေါ်သွားဖို့ပါ။
ခေါက်ရိုးကျိုးနေတဲ့ တိုက်ရိုက်ဘာသာပြန်နည်း (grammar translation method)ကြီးကို စွန့်ခွာကြည့်ရအောင်။ 

ဒါ့ကြောင့် picture dictionary လေးသုံးပြီး vocabulary လေးတွေပြောတတ်အောင်လေ့ကျင့်ကြည့်ကြမယ်။

ပြီးရင်တော့ ကလေးတွေပျော်မယ့် activity လေးတွေလုပ်ကြမယ်။
activitiy တွေထဲမှာ-
Matching
Word search
Colouring
Unscrambling the letters.
Thinking games
Crossword
စတဲ့ learning activities တွေကို အခန်းတိုင်းအတွက် အစုံထည့်ထားတာမို့ ပျော်ပျော်ရွှင်ရွှင် စာသင်ကြပါစို့ ကလေးလေးရေ  

 

Size - 25.5 * 19 cm

54 pages

3,000 MMK
Quantity: In stock
Visitors: 118,049