Usborne _ All about feelings, friends, families

(1) All About Families

မိသားစုဘဝ Family Life အကြောင်းကို ကလေးများ နားလည်လွယ်ကူစေဖို့ ရှင်းလင်းချက်များ၊ ရုပ်ပုံလေးများနဲ့ တင်ဆက်ထားပါတယ်။
ဒီစာအုပ်လေးမှာ မိသားစုတစ်ခုကို ဘယ်လိုတည်ဆောက်ထားပါသလဲ။ ဘယ်သူတွေ ပါဝင်ပါသလဲ။ မိသားစုဘဝ တည်ဆောက်ခြင်း၏ ရည်ရွယ်ချက်ကဘာပါလဲ။ မိသားစုတစ်ခု၏ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်တည်မှု သဘာဝများ၊ Family talk ၊ Family food၊ Family Celebrations ၊ Family and Feelings စသဖြင့် topicမျိုးစုံကို ချစ်စရာ ကာတွန်းပုံလေးများနဲ့ သရုပ်ဖော်ထားပါတယ်။

 

(2) All About Feelings

မိမိတို့ကိုယ်တိုင်နှင့် အခြားသူများရဲ့ စိတ်ခံစားမှုများကို ကလေးများ လွယ်ကူစွာ နားလည်စေနိုင်ဖို့ တင်ဆက်ထားတာပါ။
မိမိတို့၏ ခံစားချက်ကို ဖော်ထုတ်ပုံ အမျိုးမျိုးတို့အကြောင်း၊ လောကဒဏ်ရဲ့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လိုခံစားရနိုင်မလဲ၊ ရုတ်တရက်ပြောင်းလဲတတ်သော ခံစားချက်များအကြောင်း၊ မိမိကိုယ်ကိုလည်း ကြင်နာသင့်တတ်ခြင်း စသဖြင့် ဘဝသင်ခန်းစာများကို သင်ကြားပေးသွားမှာပါ။ မိဘများမှ သင်ကြားပေးနိုင်ရန် စာအုပ်နောက်ဆုံးမှာ Notes for grown-ups နှင့် website link ပါရှိပါတယ်။

 

(3) All About friends

ကျွန်တော်တို့ ဘဝမှာ မိတ်ဆွေတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ကြပါတယ်။ မိတ်ဆွေတွေရရှိအောင် အောင်လုပ်ရပါမလဲ။ မိတ်ဆွေစစ်ဆိုတာ ဘယ်လိုမျိုးပါလဲ။ ဒီချစ်စဖွယ်စာအုပ်လေးမှာ မိတ်ဆွေအပေါင်းအသင်းများရဲ့ အကျိုးပြုမှုများ၊ မတူညီတဲ့ မိတ်ဆွေအမျိုးမျိုးတို့ရဲ့ အကြောင်း၊ သူငယ်ချင်းတွေ ရန်ဖြစ်ပြီး ပြန်ချစ်ကြပုံများ စသဖြင့် စုံလင်စွာ သရုပ်ဖော်ထားပါတယ်။ မိဘများမှ သင်ကြားပေးနိုင်ရန် စာအုပ်နောက်ဆုံးမှာ Notes for grown-ups နှင့် website link လည်း ပါရှိပါတယ်။

 

(4) All About Diversity

ဒီစာအုပ်လေးကတော့ မတူကွဲပြားမှုကို ကလေးငယ်များ နားလည်လက်ခံတတ်စေရန်၊ ​ကိုယ်ချင်းစာတတ်စေရန် သင်ကြားပေးမှာဖြစ်ပါတယ်။
လူအမျိုးမျိုးတို့၏ ကိုယ်ခန္ဓာတည်ဆောက်ပုံ ကွဲပြားခြားနားမှု၊ အသက်အရွယ် နှင့် စိတ်ပိုင်းဆိုင်ရာ မတူကွဲပြားမှုများ၊ ကျားမ ကွဲပြားမှု၊ လူမျိုး ဘာသာ အစားအစာ ကွဲပြားမှု၊ ဘာသာစကား နှင့် ယဥ်ကျေးမှု မတူညီခြင်း စသဖြင့် မတူကွဲပြားမှု မျိုးစုံကို သင်ကြားပေးမှာပါ။
မိဘများကိုယ်တိုင် သင်ကြားပေးနိုင်ရန် စာအုပ်နောက်ဆုံးမှာ Notes for grown-ups နှင့် website link ပါရှိပါတယ်။

 

(5) All About Worries and Fears

ဒီစာအုပ်လေးကတော့ ကလေးငယ်များကို ကြောက်ရွံ့ပူပန်မှုများကို လျော့နည်းစေပြီး stress လျော့နည်းအောင် ကိုယ်တိုင် ကိုင်တွယ်တတ်စေဖို့ သင်ကြားပေးသွားမှာပါ။ ကလေးများကြောက်တဲ့ ကုတင်အောက်က Monster မှစပြီး စာမေးပွဲကိုကြောက်မှုများထိ မကြောက်တတ်အောင် သင်ပေးသွားမှာပါ။ ကလေးငယ်များကို ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကြောက်ရွံ့မှု၊စိုးရိမ်မှုတွေ မတူညီတာပါလဲ ဆိုတာနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကိုလည်း ပြောပြသွားမှာပါ။
မိဘများမှ သင်ကြားပေးနိုင်ရန် စာအုပ်နောက်ဆုံးမှာ Notes for grown-ups နှင့် website link ပါရှိပါတယ်။

 

Target Reader Age 3-8 years ကလေးငယ်များအတွက်ဖြစ်ပါတယ်။

 

Usborne all about Feelings, Friends, Families

5 books _ Board book

 

Age Recommended 3-8

 

 

 

All about FeelingsHow are you feeling today? This exciting exploration of different emotions helps young children learn to answer this important question in a lively and engaging way.

 

All about Friends Why do we need frends? How can we make friends? What makes a good friend? Find out in ths frendly book.

 

All about Families What do families look like? What are they for and what do they do? These are just some of the many questions answered in this glorious celebration of family diversity

 

All About DiversityThis dynamic and joyous exploration of difference helps young children learn to respond in a kind and equal way to everyone, regardless of shape, size, age, physical and mental ability, gender, ethnicity, beliefs, language, culture, background, and so on. With topics ranging from clothes and food to homes, festivals and families, there is plenty for children to talk about as they find out about what makes people different and what makes them unique.

 

All About Worries and Fears: There can be a lot to worry about when you are little, from monsters under the bed to Monday's maths test, but one person's scary spider is another's perfect pet, so how can we learn to stop everyday fears and worries from growing out of proportion or even overwhelming us? This book helps children understand why we have different fears and worries and the physical effects they can have on our bodies. It then offers all sorts of fun and helpful activities and strategies to help manage and even overcome them.

 

Size - 30*24.5 cm

32 pages per book

 

88,000 MMK
Quantity: In stock
Visitors: 117,986